ဒေါ်နယ်ထရမ့်ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် ကို့ချလာမြို့ မဲဆွယ်စည်းရုံးပွဲအနီးမှာ အမျိုးသားတစ်ယောက်ကိုပြောင်းတိုသေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့နဲ့အတူ ရဲကဖမ်းဆီးရမိထားပါတယ်။
ထရမ့်ရဲ မဲဆွယ်ပွဲထဲကိုဝင်တဲ့ စစ်ဆေးရေးဂိတ်နေရာနားကို အနက်ရောင် SUV ကားမောင်းလာသူ အသက် (၄၉)နှစ်အရွယ် ဗမ်မီးလားဆိုသူကို ရဲစုံထောက်တွေက တားဆီးစစ်ဆေးရာမှာ အဲဒီလိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာပါ။
သူ့ကို ကျည်ထိုးတဲ့ တရားမဝင်သေနတ်တစ်လက်နဲ့ စွမ်းဆောင်ရည်မြင့်ကျည်ဘူး လက်ဝယ်တွေ့ရှိမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့အာဏာပိုင်တွေကပြောပါတယ်။
ထရမ့်ကတော့ ဘေးအန္တရာယ်မခဲ့ရှိဘဲ အဲဒီဖြစ်စဉ်ဟာ လုံခြုံရေးအစီအမံတွေ အပေါ် တစ်စုံတစ်ရာထိခိုက်မှုမဖြစ်စေခဲ့ဘူးလို့အမေရိကန် လျှို့ဝှက်စုံစမ်းစစ်ဆေးရေးအဖွဲ့(SS)ကပြောပါတယ်။