၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်း က သူရဲ့ ၂၀၀၇ ခုနှစ်က ထွက်ရှိတဲ့ The Vegeterian သားသတ်လွတ်သမ ဆိုတဲ့ ၀တ္ထုအတွက် နိုဘယ်ဆုချီးမြှင့်ရေးကော်မီတီက ပေးအပ်လိုက်ပါတယ်။
ဆုပေးအပ်ချီးမြှင့်ကြောင်း ဆုပေးပွဲအခမ်းအနားမှာ ကြေညာစဉ် သမိုင်းတစ်လျှောက် လူသားတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ လူသားဘ၀ရဲ့ ထိရှခံစားလွယ်တဲ့အဖြစ်ကို အနုပညာ အားကောင်း ကောင်းနဲ့ လင်္ကာမြောက် တင်ပြနိုင်တဲ့အပေါ်မှာ ဆုချီးမြှင့်ရေး ကော်မီတီက ဆရာမ ဟန်ကန်းကို ချီးမွမ်း ထောမနာ ပြုသွားခဲ့ပါတယ်။
နိုဘယ်ဆုချီးမြှင့်ရေး ကော်မီတီဟာ ၁၉၀၁ ခုနှစ်ကတည်းက စာပေဆိုင်ရာဆုကို ထည့်သွင်းချီးမြှင့်ခဲ့တာပါ။
အဲဒီအထဲမှာ အမျိုးသမီးစာရေးဆရာမတွေက စာပေနိုဘယ်ဆု (၁၇)ကြိမ် ဆွတ်ခူး ရရှိခဲ့ပြီး ဟန်ကန်းကတော့ (၁၈)ကြိမ်မြောက် ရရှိတာဖြစ်ပါတယ်။
ဆုရရှိမှုအတွက် ချီးမြှင့်ငွေအဖြစ် ဆရာမ ဟန်ကန်းကို စတာလင်ပေါင် (၈၁၀၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုဟာ ၂၀၁၆ ခုနှစ်က International Man Booker Prize ကိုလည်း ရရှိခဲ့ပြီး ဆုမရခင် ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ထုတ်ဝေဖြန့်ချိခဲ့ကာ ၂၀၁၅ ခုနှစ်မှာ Deborah Smith ဒီဘောရ စမစ်က အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့တာပါ။
အဲဒီ၀တ္ထုမှာ အစားအစာ စားသုံးမှု အစဉ်အလာပုံစံတွေအတိုင်း စားသောက်ဖို့ ငြင်းဆန်သူ အမျိုးသမီး တစ်ယောက်ကို သရုပ်ဖော် တင်ဆက်ထားပါတယ်။
သူ့ရဲ့ တခြားလက်ရာတွေကတော့ The White Book ၊ Huamn Acts နဲ့ Greek Lessons တို့ပဲ ဖြစ်ပါတယ်။