ဘေရွတ်မြို့တော် အလယ်ပိုင်း လူနေထူထပ်တဲ့ နေရာက အဆောက်အဦတစ်ခုကို အစ္စရေးက ကြာသပတေးနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အနည်းဆုံး လူ(၂၂)ယောက် သေဆုံးသွားတယ်လို့ လက်ဘနွန် လုံခြုံရေး သတင်းရင်းမြစ်တွေက CNN ကို ပြောပါတယ်။
အစ္စရေးက လူနေထူထပ်တဲ့ နေရာမှာ ရှိနေတဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်း ခေါင်းဆောင်တစ်ယောက်ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အဲဒီ ဟစ်ဇဘိုလာ အကြီးတန်းခေါင်းဆောင် လွတ်မြောက်သွား တယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN က ဖော်ပြပါတယ်။
လူနေတိုက်ကို ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူဟာလည်း အနည်းဆုံး (၁၁၇)ယောက်ရှိနေတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ံကြီးဌာနက ပြောပါတယ်။