အိန္ဒိယတိုင်ကွန်း သူဌေးကြီး ရတ်တန် တာတာ ဟာ အသက် (၈၆) နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ တာတာလုပ်ငန်းစုကနေ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
သူဌေးကြီး ရတ်တန်တာတာ ဟာ တာတာလုပ်ငန်းစုကို ဆယ်စုနှစ် နှစ်စု ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး အိန္ဒိယနိုင်ငံ့စီးပွားရေးရဲ့ ရှေ့ဆောင် စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။
သူရဲ့ တာတာလုပ်ငန်းဟာလည်း နိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းစုကြီး တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
တာတာလုပ်ငန်းစုကို သူဦးဆောင်စဉ်မှာ ဗြိတိန်နိုင်ငံရဲ့ ဂျာဂွား၊ လန်းရိုဗာ ကားထုတ်လုပ်ရေးလုပ်ငန်း နဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး လက်ဖက်ရည်ထုတ်လုပ်ရေး ကုမ္ပဏီ Tetley (တတ်လေး) တို့လို ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေကို တာတာက ဝယ်ယူခဲ့ပါတယ်။
သူဟာ တာတာလုပ်ငန်းရဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ၂၀၁၂ ခုနှစ်မှာ အနားယူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုပ်ငန်းပဲ့ကိုင်စီမံခန့်ခွဲမှုပိုင်းမှာ လပိုင်းလောက် ဝင်ရောက် ဆောင်ရွက်နေခဲ့တာမျိုးရှိခဲ့ပါတယ်။
သူကွယ်လွန်သွားတဲ့အပေါ် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကဝမ်းနည်းစကားဆိုပြီး ရတ်တန်တာတာ ဟာ အမြော်အမြင်ကြီးမားတဲ့ စီးပွားရေးခေါင်းဆောင် ၊ အကြင်နာတရားရှိသူ နဲ့ အလွန် လူသားဆန်သူတစ်ယောက်လို့ မှတ်ချက်ပြု ဂုဏ်ပြုခဲ့ပါတယ်။