တောင်ကိုရီးယားနဲ့ ချိတ်ဆက်ထားတဲ့ ရထားလမ်းနဲ့ကားလမ်းတွေကို ဗုဒ္ဓဟူးနေ့ကစပြီး ဖြတ်တောက်ကာ နယ်စပ်ဒေသမှာလည်း ခံစစ်ပြင်သွားမယ်လို့ မြောက်ကိုရီးယား စစ်တပ်က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယား စစ်တပ် ရဲ့ အခုကြေညာချက်က မကြာသေးခင်နှစ်တွေကစပြီး အခုနှစ်ထဲအထိ အတော်အတန် တည်ငြိမ်နေခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်မှာ တင်းမာမှု အငွေ့အသက်တွေကို မြင့်တက်လာစေခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဟာ တောင်ကိုရီးယားနဲ့ နယ်စပ်မှာ မြေမြုပ်မိုင်းတွေနဲ့ အတားအဆီးတွေ ချထားနှင့်ပြီး စစ်မဲ့ဇုန်တစ်လျှောက်ကိုလည်း အပြောင်ရှင်းထားပါတယ်။
အဲဒီဆောင်ရွက်ချက်တွေဟာ တောင်ကိုရီးယားမှာ လုပ်နေတဲ့ စစ်ရေး လေ့ကျင့်ခန်းတွေနဲ့ ဒေသတွင်းကို အမေရိကန်ရဲ့ မဟာဗျူဟာမြောက် နျူကလီးယား သင်္ဘောတွေ ဝင်ရောက် လည်ပတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ မြောက်ကိုရီးယား စစ်ဦးစီးအဖွဲ့က ပြောပါတယ်။