ရုရှားထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိန်နိုင်ငံရဲ့ လမ်းမတွေပေါ် ဆူပူအကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေ ကြာရှည် ပေါ်ပေါက်ရေးကို မစ်ရှင်တစ်ရပ်အနေနဲ့ လုပ်ဆောင်နေတယ်လို့ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI5 ရဲ့ အကြီးအကဲ က ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ MI5 အကြီးအကဲ ကန် မက်ကာလုံးက အခုလို သတိပေး ပြောဆိုသွားတာပါ။
ယူကရိန်းကို ဗြိတိန်က ထောက်ခံမှုပေးတဲ့နောက်ပိုင်းကစပြီး ရုရှားထောက်လှမ်းရေး(GRU) အေးဂျင့်တွေဟာ မီးရှို့မှု၊ အဖျောက်အမှောင့်လုပ်ရပ်နဲ့ တခြား အန္တရာယ်ကြီးတဲ့ လှုပ်ရှားမှုတွေကို ဗြိတိန်မှာ အရမ်းကားရော လုပ်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။
MI5 အဖွဲ့အနေနဲ့ ၂၀၂၂ ခုနှစ်ကစပြီး အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ တိုက်ခိုက်မှုအစီအစဉ် အခု (၂၀) လောက်ကို တုံ့ပြန်ဖြိုခွင်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလို အဖျက်အမှောင့်တိုက်ခိုက်မှုတွေမှာ အများစုက အစ္စလာမ္မစ် အစွန်းရောက်ဝါဒက ပါဝင်ပတ်သက်မှုရှိနေပြီး အဲဒါပြီးရင် လက်ယာစွန်းရောက် အကြမ်းဖက်ဝါဒက ဒုတိယနေရာကနေ ပါဝင်ပတ်သက်နေတယ်လို့ ပြောသွားခဲ့ပါတယ်။