ဂျပန်နိုင်ငံက AI ဉာဏ်ရည်တုသုံး စမတ်ဖုန်းအက်ပ် CatsMe! ဟာ ကြောင်လေးတွေရဲ့ နာကျင်မှုကို စူးစမ်းရာမှာ လွယ်ကူအောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ ၁၄ နှစ်အရွယ် ကြောင်လေး”ချီ”ရဲ့ ကျန်းမာရေးကို မကြာခဏ ပူပန်နေမိတဲ့ မာယူမီ ဟာ CatsMe! ကို အသုံးပြုပြီးနောက် တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ သွားရောက်မှုကို လျှော့ချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကြောင်က နာကျင်တဲ့အခါ အက်ပ်က အဝါရောင်လေးတွေပြပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်ဆီ ဖုန်းဆက်တိုင်ပင်နိုင်သလို အဝါရောင်ပြတာ ရက်ကြာလာရင်တော့ ဆေးရုံသွားဖို့လိုတာ သိနိုင်တယ် လို့ မာယူမီက ပြောပါတယ်။
CatsMe! ကို ကဲရ်လိုဂျီကုမ္ပဏီနဲ့ နိဟွန်းတက္ကသိုလ်က သုတေတီတွေက ကြောင်ရုပ်ပုံ ၆၀၀၀ နဲ့ AI အသုံးပြု လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ AI က ကြောင်ရဲ့ လက်ရှိမျက်နှာအမူအရာကို မှတ်သားထား တဲ့ အဆင့်သတ်မှတ်ချက် မျက်နှာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆော့ဖ်ဝဲကို တုံ့ပြန်ချက်ပေးတာဖြစ်လို့ ရလဒ်က ၉၅ ရာခိုင်နှုန်းကျော် တိကျတယ်လို့ ပရော်ဖက်ဆာ ကာဇူယာ အီဒါမူရာက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ စတင် ရောင်းချခဲ့တဲ့ CatsMe ကို အသုံးပြုသူ ၂၃၀၀၀၀ ကျော် ရှိနေပါပြီ။ ဂျပန် အိမ်မွေးတိရစ္ဆာန်အစာအသင်းရဲ့ ၂၀၂၃ ခုနှစ်စာရင်းအရ နိုင်ငံတွင်း အိမ်မွေးကြောင်နဲ့ ခွေးကောင်ရေ ၁၆ သန်းနီးပါး ရှိမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ၁၅ နှစ်အောက်ကလေးအရေအတွက်ထက် ပိုများတယ်လို့ သိရပါတယ်။