လာအိုနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ၂၀၂၄ ခုနှစ် ထိပ်သီးအစည်းအဝေးကို ဒီနေ့ ဗုဒ္ဓဟူး နေ့မှာ ကျင်းပဖို့ ရှိနေရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း မြို့တော် ဗီယန်ကျင်းကို ရောက်ရှိလာနေပါတယ်။
အဲဒီ အာဆီယံ အစည်းအဝေးကို မြန်မာနိုင်ငံကလည်း သုံးနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ် ကိုယ်စား လှယ်တစ်ယောက် စေလွှတ်ဖို့ ရှိနေတယ်လို့ သံတမန် သတင်းရင်းမြစ်တစ်ခုက (AFP)ကို အင်္ဂါနေ့က ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ ထိပ်သီးအစည်းအဝေး မတိုင်ခင် ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်္ဂါနေက တက်ရောက်လာခဲ့တာကို (AFP)ရဲ့ သတင်းထောက်တွေက တွေ့ရှိခဲ့ကြောင်း စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။
ကျင်းပဖို့ရှိနေတဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဆွေးနွေး ပွဲရဲ့ အဓိက အကြောင်းအရာတွေထဲက တစ်ခုဖြစ်ဖွယ်ရှိနေပါတယ်။