အစ္စရေးနိုင်ငံမှာ ဟားမာ့စ်စစ်သွေးကြွတွေရဲ့အောက်တိုဘာ(၇)ရက် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှု တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုကျင်းပဖို့ တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး ပြင်ဆင်နေကြပါတယ်။
အဲဒီလိုကျင်းပဖို့ပြင်ဆင်နေရာမှာ အောက်တိုဘာ(၇)ရက်နေ့ တိုက်ခိုက်မှုတွေထဲမှာပါဝင်ခဲ့တဲ့ နတ်ဂျက်ဖ်သဲကန္တာရထဲက နိုဗာဂီတပွဲတော်ကျင်းပခဲ့နေရာမှာလည်း နှစ်ပတ်လည်အခမ်းအနားကိုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဟားမာ့စ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နိုဗာဂီတပွဲတော်မှာ လူပေါင်း(၃၄၇)ယောက် သေဆုံးခဲ့ရပြီး လူ(၄၀)ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရပါတယ်။
တနင်္လာနေ့မှာ နတ်ဂျက်ဖ် သဲကန္တရထဲမှာကျင်းပမယ့် နှစ်ပတ်လည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ အောက်တိုဘာ(၇)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်းက အသက်မသေဘဲရှင်ကျန်ရစ်သူတွေလည်း ရောက်ရှိနေကြပါတယ်။