အခုနှစ်အတွက် အောက်တိုဘာလ(၁)ရက်နေ့ကနေ အောက်တိုဘာ (၇)ရက်နေ့ထိ ကြာမြင့်တဲ့ တရုတ်အမျိုးသား နေ့ အားလပ်ရက်ရှည်မှာ တစ်နိုင်ငံလုံး ခရီးသွားလာမှုနဲ့ အပန်းဖြေခရီးသွားလာမှု အမြင့်ဆုံး ကာလတစ်ခု ဖြစ်ပါတယ်။
အင်္ဂါနေ့က တရုတ်ရိုးရာ ယဉ်ကျေးမှုဖြစ်တဲ့ နဂါးအက၊ ခြင်္သေ့အကတွေပါဝင်တဲ့ ပြပွဲတစ်ခုကို တရုတ် တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ချောင်ကျိုးမြို့မှာ ကျင်းပခဲ့ရာမှာ လာရောက် ကြည့်ရှုသူတွေ အများအပြား ရှိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာလည်း တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် သွီကျား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကောင်တီရှိ ချန်ရန်မြို့က ချင်းကျန်းမှာ သွီကျားမင်္ဂလာဝတ်စုံတွေ ခင်းကျင်းပြသတာကို ခရီးသွားတွေ စိတ်ဝင်တစား ကြည့်ရှု ကြပြီး ကိုယ်တိုင်ဝတ်ဆင်ကြည့်သူတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က လီရှန်း ဗုဒ္ဓရုပ်ပွားတော်ကြီးရှိရာ နယ်မြေမှာလည်း ဘုရားဖူးလာရောက်သူတွေ၊ ခရီးသွားလာရင်း စူးစမ်းလေ့လာသူတွေနဲ့ ပြည့်နှက်နေခဲ့တာကို အခုလို တွေ့ရပါတယ်။
အဲဒီလီရှန်းနယ်မြေမှာ တောင်ပေါ် လေ့လာရေးခရီးစဉ်နဲ့ လှေစီးလက်မှတ်တွေဟာ လက်မှတ်ရောင်းချချိန် အစပိုင်းမှာတင် ရောင်လို့ ကုန်သွားခဲ့ပါတယ်။
အခုနှစ်ရဲ့ တရုတ်အမျိုးသားနေ့ အားလပ်ရက်ရှည်အတွင်းမှာ ရှန်ဟိုင်းမြို့ ပူဒေါင်နယ်မြေသစ်မှာ ကြီးမား တဲ့ ပွဲလမ်းသဘင် (၃၆)ခု ကျင်းပဖို့ရှိပြီး အားကစားပွဲ၊ ကုန်စည်ပြပွဲနဲ့ ၂၀၂၄ ရှန်ဟိုင်း ထရိုဖီနဲ့ ဆန်ရီယိုကာနီဗယ်ပွဲစတဲ့ ယဉ်ကျေးမှုပြပွဲတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။