ထိုင်းနိုင်ငံမှာ ကျောင်းကားမီးလောင်းမှုအတွင်း သေဆုံးသွားသူ (၂၃) ယောက်ရဲ့ ရုပ်အလောင်းတွေဟာ မွေးရပ် မြို့ဖြစ်တဲ့ ဥထိုင်းဌာနီပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အလောင်းတွေ အိမ်ပြန်ရောက် လာချိန်မှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေ ဝမ်းပန်းတနည်း ပူဆွေးငိုကြွေးခဲ့ကြပါတယ်။
သေဆုံးသူတွေရဲ့ ခေါင်းတလားတွေကို ထိုင်းဘုရားကျောင်း တစ်ခုထဲမှာ စီတန်းထားရှိပြီး လာမဲ့ရက်တွေမှာ လန်ဆက်ခ်ခရိုင်ထဲက ဘုရားကျောင်းကန်တွေမှာ သေဆုံးသူတွေအတွက် နာရေးလုပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါကြတယ်။
ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ အယောက်(၄၀) လိုက်ပါတဲ့ ကျောင်းကားဟာ နိုင်ငံမြောက်ပိုင်းတစ်နေရာကို လေ့လာခရီးစဉ်သွားပြီးအပြန် ဘန်ကောက်ကိုပြန်ဝင်ချိန် အင်္ဂါနေ့က မီးလောင်မှုဖြစ်ခဲ့ရာမှာ ကလေးငယ် အယောက်(၂၀)နဲ့ ဆရာမ(၃)ယောက် အသက်သေဆုံးခဲ့ရတာပါ။
အဲဒီဖြစ်စဉ်အတွင်း ထွက်ပြေးသွား တဲ့ ယာဉ်မောင်းဟာလည်း ရဲတပ်ဖွဲ့ဆီ လာရောက်အဖမ်းခံခဲ့တဲ့အတွက် ရဲတွေက ထိန်းသိမ်းထားပါတယ်။