လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ကို အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ည သန်းခေါင်ကျော်မှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ ကြီးမားတဲ့ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးလုံးတွေ တက်လာတာကို တွေ့ခဲ့ရပါတယ်။
ဘေရွတ်မြို့လယ်က ပါလီမန်တည်ရှိရာ နေရာနဲ့ နီးကပ်တဲ့ ရပ်ကွက်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာလို့ လုံခြုံရေး သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ရိုက်တာက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟတ်ဆန် နာဆာရာလာ သေဆုံးခဲ့တဲ့ လက်ဘနွန်တောင်ပိုင်းက ဒါဟီယက်မြို့ ဆင်ခြေဖုံးကိုလည်း အစ္စရေးရဲ့ ဒုံးကျည်သုံးစင်း ထိမှတ်ခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အရာရှိ တွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းဒေသထဲကို မြေပြင်ကန့်သတ်စစ်ဆင်းရေး တစ်ရပ်ဆင်နွှဲနေတာမှာ ဗုဒ္ဓဟူးနေ့က ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး အစ္စရေး စစ်သည်(၈)ယောက် ကျဆုံးခဲ့ပါတယ်။
အဲဒီကျဆုံးစစ်သည်တွေရဲ့ ဈာပနကို ဂျေရုဆလင်မြို့ ဟာဇဲလ်စစ်င်္ချိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။