အစ္စရေးနိုင်ငံဟာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အီရန်နျူကလီးယား စီမံကိန်းနေရာတွေကို အစ္စရေးက တိုက်ခိုက်မှာကို မထောက်ခံဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။
သူတို့လုပ်မယ့်အရာတွေကို အစ္စရေးနဲ့ ဆွေးနွေးသွားမယ်လို့ ဘိုင်ဒန်က သတင်းထောက် တွေကို ပြောပါတယ်။
အစ္စရေးမှာ တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့ G7 နိုင်ငံတွေက သဘောတူပေမယ့် အချိုးကျ တုံ့ပြန်သင့်တယ်လို့ ပြောပါတယ်။
အီရန်က အစ္စရေးကို အောက်တိုဘာ ၁ ရက်က ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော် ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး ထိရောက်မှု မရှိဘူးလို့ ဘိုင်ဒန်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း အီရန်ဟာ အကျိုးဆက်တွေကို ရင်ဆိုင်ရစေမယ်လို့ ကတိပြုခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီး ယား ဒါမှမဟုတ် ရေနံစက်ရုံတွေကို ပစ်မှတ်ထားလာနိုင်တဲ့ အခုအချိန်မှာ အစ္စရေးရဲ့ တုံ့ပြန်မှု ပိုမိုပြင်းထန်နိုင် ကြောင်း လေ့လာသုံးသပ်သူတချို့က ခန့်မှန်းကြပါတယ်။
အီရန်အပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ရှိလာ တော့မှာဖြစ်ပြီး မကြာခင် နေတန်ယာဟုနဲ့ ဆွေးနွေးမယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။
ဘိုင်ဒန်ဟာ ပြည်တွင်းမှာ ဟာရီကိန်း ဟယ်လန်ကြောင့် ပျက်စီးသွားတဲ့ အခြေအနေကိုလည်း အာရုံစိုက်နေရပြီး ပျက်စီးမှု များပြားတဲ့ မြောက်ကယ်ရိုလိုင်းနားကို သွားရောက်ကာ ထောက်ပံ့ကူညီဖို့ ကတိကဝတ်တွေ ထပ်မံအတည်ပြုခဲ့ ပါတယ်။