အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဂျက်ဖာဒေသမှာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှု မတိုင်ခင် သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ယောက် သေဆုံးပြီး လူ(၉) ယောက် ဒဏ်ရာရသွားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
ဆေးဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူတွေ ကို နေရာမှာတင် ပြုစုကုသမှုပေးခဲ့ပြီး တချို့ဒဏ်ရာရ သူတွေဟာ သတိမေ့မျောနေတယ်လို့ အစ္စရေးလူနာတင်ယာဉ်များအသင်း(MDA)က ပြောပါတယ်။
အကြမ်းဖက်သမားနှစ်ယောက်က မည်းမည်းမြင်မြင်ရာ လိုက်လံတိုက်ခိုက်သတ်ဖြတ်မှုကို စတင်ခဲ့တာဖြစ်ပြီး အဲဒီနေရာက အရပ်သားတွေနဲ့ ရဲတွေက ပုဂ္ဂလိကပိုင် ပစ္စတိုတွေနဲ့ အကြမ်းဖက်သမားတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘန်ဂီရ် ကိုယ်တိုင်လာရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
ဂျက်ဖာ ထဲက ဗလီတွေကို အဲဒီအကြမ်းဖက်ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိတာ တွေ့ရှိရင် ချိတ်ပိတ်မှာဖြစ်ပြီးတော့ အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ကိုလည်း အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းသွားမယ်လို့လည်း အီတာမာဘန်ဂီရ် က ပြောသွားပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုပြီးပြီးချင်း သိပ်မကြာခင်မှာပဲ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည် တွေ ဂျက်ဖာမြို့ရဲ့ ကောင်းကင်ယံမှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။