အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်အနီးမှာ ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းကို ကြားဖြတ်ဟန့်တားတဲ့ ဗီဒီယိုဖိုင်ကို အမေရိကန်စစ်တပ်က တနင်္လာနေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ရုရှားလေယာဉ်ရဲ့ အန္တရာယ်မလွတ်ကင်းတဲ့ လေကြောင်းပျံသန်းမှုပုံစံကိုလည်း အမေရိကန် စစ်တပ်က ဝေဖန်လိုက်ပါတယ်။
မြောက်အမေရိကန် အာကာသလေကြောင်းကာကွယ်ရေး စစ်ဌာနချုပ်က စက်တင်ဘာ (၂၃)ရက်နေ့က အလက် စကား လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲမှာ ရုရှားစစ်လေယာဉ် (၄)စင်းကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အလက်စကားပြည်နယ်အနီးက နိုင်ငံတကာ ဝေဟင်ပိုင်နက်ထဲမှာ ရုရှား စစ်လေယာဉ်တွေကို ကြားဖြတ်ဟန့်တားမှုတွေ ပုံမှန်လုပ်လေ့ရှိပါတယ်။
အဲဒီလို ကြားဖြတ်ဟန့်တားမှုတွေကို ဘေးကင်းလုံခြုံပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်တာလို့လည်း အမေရိကန်က ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ အရင်နဲ့မတူဘဲ ရုရှား Su-35 တိုက်လေယာဉ်ဟာ ဘေးကင်းလုံခြုံမှုမရှိ ပရော်ဖက် ရှင်နယ်မဆန်ဘဲ အားလုံး ဘေးဒုက္ခတွေ့စေနိုင်မဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့ အမေရိကန် လေတပ်ဗိုလ်ချုပ် ဂရီဂေါ်ရီ ဂီးလ်လတ် က ပြောပါတယ်။
ဝါရှင်တန်အခြေစိုက် ရုရှားသံရုံးကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး လတ်တလောမှာ မရှိသေးပါဘူး။