တိုင်ဖွန်းမုန်တိုင်း ကရာသွန်ဟာ အားအလွန်ကောင်းတဲ့ စူပါတိုင်ဖွန်းအဖြစ်ကို အင်္ဂါနေ့ မနက်မှာ ပြောင်းလဲရောက်ရှိသွားပြီး အဲဒီရဲ့အရှိန်နဲ့ နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတွေဖြစ် ပေါ်နေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်မြောက်ပိုင်းက ဘတ်စ်ကိုဒေသမှာ လေပြင်းမုန်တိုင်းတွေ ကျရောက်နေတာကို မျက်မြင်တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ အခုလို တွေ့ရပါတယ်။
တိုင်ဖွန်းကရာသွန်ဟာ တစ်နာရီကို လေတိုက်နှုန်း (၁၀၉)မိုင်ရှိနေပြီး မုန်တိုင်းဗဟိုချက်မှာ ဆောင့်ရိုက်တဲ့ လေပြင်းအရှိန်ဟာ တစ်နာရီကို (၁၃၄)မိုင်ရှိနေကာ ဖိလစ်ပိုင်မြောက်ပိုင်း ဘတ်စ်ကိုဒေသရဲ့ အနောက်ဘက် မိုင်(၅၀)အကွာ ရေပြင်ကို ဗဟိုပြုနေ ပါတယ်။
တိုင်ဖွန်းဟာ လူဇုံကျွန်းထိပ်ဖျားပိုင်းကနေကပ်ပြီး ဖြတ်ကျော်နေပေမဲ့ ဖိလစ်ပိုင်မှာ ကုန်းတွင်းကိုဝင်မှာ မဟုတ်ပါဘူး။
ဖိလစ်ပိုင်ဟာ တစ်နှစ်ကို အပူပိုင်းမုန်တိုင်း အလုံး(၂၀)ခန့် ကြုံရလေ့ရှိပြီး အဲဒီမုန်တိုင်းတွေထဲက အတော်များများဟာ နိုင်ငံကုန်းတွင်းပိုင်းကို ဝင်ရောက်ကာ ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်စေလေ့ ရှိပါတယ်။