တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားဒေသက အာဆန်းမြို့မှာ ဆောင်းဦးရာသီရဲ့ ပထမဆုံး နှင်းပွင့်တွေကို တနင်္လာနေ့က စတင်တွေ့မြင်ခဲ့ကြရပါတယ်။
ဆောင်းဥတုအတွင်း အအေးဆုံးဒေသတစ်ခုဖြစ်တဲ့ မဟာခီဂန် တောင်စဉ်တောင်တန်းတွေဟာ အခု နှင်းတွေကျဆင်းပြီး နှင်းခဲတွေ ဖုံးလွှမ်းသွားလို့ အဖြူရောင် တောင်တန်းကြီးတွေအဖြစ် ပြောင်းလဲသွားတယ်လို့ တရုတ်အစိုးရပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
ရေခဲနဲ့ နှင်းထုတွေ အလျှံပယ်ရှိရာ အာဆန်းမြို့မှာ ခရီးသွားလာရေးလုပ်ငန်းတွေ မကြာသေးခင်နှစ်တွေကစပြီး ဖွံ့ဖြိုး တိုးတက်လာခဲ့ရာမှာ အာဆန်းမြို့ကို ခရီးသွား လာရောက်မှုဟာလည်း များပြားလာခဲ့ပါတယ်။