စပိန်နိုင်ငံ အဲဟိုင်အဲရိုအနီး ကမ်းလွန်မှာ သစ်သားလှေနဲ့ဖြတ်ကူးရင်း အခက်တွေ့နေသူကို စက်တင်ဘာ ၃၀ ရက် က ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒုတိယအကြိမ် ကယ်ဆယ်မှုမှာ ရွှေ့ပြောင်းနေထိုင်သူ ၃၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ကြမ်းတမ်းတဲ့ အခြေအနေတွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ခုတ်မောင်းနေတဲ့ စက်တပ်သစ်သားလှေပေါ်က ရွှေ့ပြောင်းတွေကို ကမ်းခြေစောင့်သင်္ဘောတစ်စင်းပေါ် ပြောင်းရွှေ့စေခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက်မတိုင်ခင် နာရီအနည်းငယ်တုန်းကလည်း အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၇၇ ယောက် တင်ဆောင်လာ တဲ့ တခြားလှေတစ်စင်းကို လာရီစတင်ဂါဆိပ်ကမ်းကို ခေါ်ဆောင်လာခဲ့ပါတယ်။
ကလေးတစ်ယောက် အပါအဝင် အနည်းဆုံး လူကိုးယောက် သေဆုံးပြီး ၄၈ ယောက် ပျောက်ဆုံးနေတဲ့ ရွှေ့ပြောင်းတွေရဲ့ စက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီက အကြောင်းကြားပြီး နှစ်ရက်အကြာမှာ အခုလို ဖြတ်ကူးမှုတွေ ထပ်ဖြစ်ခဲ့တာပါ။
အဲဒီလှေနစ်မြုပ်မှုဟာ စပိန်ကျွန်းစုမှာ နှစ်ပေါင်း ၃၀ အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှု ဖြစ်နိုင်ပါတယ်။။
မိုင် ၈၀၀ ရှည်လျားပြီး အန္တရာယ်ကြီးတဲ့ခရီးကို ဖြတ်သန်းပြီး ကနာရီကျွန်းတွေ ဘက် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အထိ ၂၆,၇၅၈ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။