မီးသင့်ပျက်စီးသွားတဲ့ သမိုင်း၀င် စတော့အိတ်ချိန်းအဆောက်အဦ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်ကို ဒိန်းမတ်ဘုရင်က အုတ်မြစ်ချပေးပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။
နှစ်ပေါင်း (၄၀၀)သက်တမ်းရှိတဲ့ အဲဒီ စတော့ အိတ်ချိန်း အဆောက်အဦဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ မီးဘေးသင့်ပြီး ပျက်စီးသွားခဲ့တာပါ။
မီးသင့်လို့ မပျက်စီးသေးဘဲရှိနေတဲ့ လက်ကျန်အဆောက်အဦနေရာမှာ ကြာသပတေးနေ့က လုပ်တဲ့ အဲဒီအုတ်မြစ်ချပွဲကို ဒိန်းမတ်ဘုရင် ကိုယ်တိုင်တက်ရောက်ပြီး (၆၀)ကီလိုဂရမ်လေးတဲ့ ကျောက်တုံးနဲ့ နာရီပါတဲ့ ဝါးကျည်တောက် ပုံစံ ဘူးတစ်ခုကို လည်း အုတ်မြစ်ချပေးခဲ့ပါတယ်။
အဲဒီနာရီထည့်သွင်းထားတဲ့ ဘူးကို နောင်နှစ်တစ်ရာကျမှ ဖွင့်လှစ်ဖို့ ရည်ရွယ် ထားတာဖြစ်ပါတယ်။ အဲဒီဘူးထဲမှာ ဒိန်းမတ်ဝန်ကြီးတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ဒိန်းမတ် အနာဂတ် စီးပွားရေးဆိုင်ရာ ရည်းမှန်းချက်တွေကို ထည့်သွင်းရေးသား ထားတယ်လို့ ဒိန်းမတ် ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။
မီးသင့် စတော့အိတ်ချိန်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကို လာမဲ့ တနင်္လာနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။