တောင်ကိုရီးယားမှာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံတွေနဲ့ ဗီဒီယိုတွေကို လက်ဝယ်ပိုင်ဆိုင်တာ ဒါမှမဟုတ် ကြည့်ရှု တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်ငွေဒဏ်တွေ ပါဝင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်အမတ်တွေ က အတည်ပြုလိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ညမ်ညမ်းစွာ ဖော်ပြချက်တွေနဲ့ တရားမဝင် deepfake ပုံတု ဗီဒီယို အတုတွေ ဖန်တီးပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေတဲ့ Telegram အုပ်စုဖွဲ့မှုတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားမှာ ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာချိန်မှာ စက်တာဘာ ၂၆ ရက်က ဥပဒေကို အတည်ပြုခဲ့တာပါ။
လက်ရှိမှာ အဲဒီလိုဖြန့်ဝေဖို့ ရည်ရွယ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ deepfake ပစ္စည်း ဖန်တီးသူကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ ကျူးလွန်ခံရသူများ ကာကွယ်ရေးအက်ဥပဒေအရ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဝမ်သန်း ၅၀ ချမှတ်နိုင်ပါတယ်။
ဒီလိုဓာတ်ပုံ ဗီဒီယိုတွေကို ဝယ်ယူတာ၊ သိမ်းဆည်းတာ ဒါမှမဟုတ် ကြည့်ရှုတာလုပ်သူ ဘယ်သူမဆို ထောင်ဒဏ် ၃ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ နဲ့ ညီမျှတဲ့ ဒေါ်လာ ၂၂,၆၀၀ အထိ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေကြမ်းက ပြဋ္ဌာန်းထားပါတယ်။
ဥပဒေသစ် အသက်ဝင်တဲ့အခါ အဲဒီပြစ်မှုတွေအတွက် အမြင့်ဆုံးထောင်ဒဏ်ကို ခုနစ်နှစ်အထိ တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။ အခုဥပဒေကြမ်း အတည်ဖြစ်ဖို့ သမ္မတယွန်းဆော့ယောလ် လက်မှတ်ရေးထိုးရဦးမယ်လို့ သိရပါတယ်။