င်ငံရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၁ သန်းတန်တဲ့ ရဲလုပ်ငန်း လေ့ကျင့်ရေးနဲ့ ဒေသတွင်း ရွေ့လျား ရဲယူနစ် တွေ ဖွဲ့စည်းရေးအစီအစဉ်ကို ပစိဖိတ်ကျွန်းနိုင်ငံတွေက ထောက်ခံလိုက်ကြတယ်လို့ ဩစတြေးလျနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါဟာ ပစိဖိတ်ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ခြေလှမ်းတွေကို ဟန့်တား လျှော့ချရေး ဩစတြေးလျရဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
ပစိဖိတ်ရဲလုပ်ငန်းဖော်ဆောင်ရေး စီမံချက်ကို ဘရစ္စဘန်းမှာ ရဲသင်တန်းကျောင်းတစ်ခုနဲ့ ပစိဖိတ်ဒေသတွင်းမှာ ရဲလေ့ကျင့်ရေး သင်တန်းကျောင်း လေးခု တည်ဆောက်ပြီး အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် အန်ထို အယ်လ်ဘားနိစ်က တွန်ဂါနိုင်ငံမှာပြုလုပ်တဲ့ ပစိဖိတ်ကျွန်းခေါင်းဆောင်များ အစည်းအဝေးတစ်ခုမှာ ပြောပါတယ်။
ဒါ့အပြင် အကျပ်အတည်းတွေ၊ ကြီးမားတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်တဲ့အခါ ဒေသတွင်း နိုင်ငံတွေကို စေလွှတ်လို့ရမဲ့ နိုင်ငံစုံ ပါဝင်တဲ့ ရဲတပ်ဖွဲ့တစ်ခုကိုလည်း တည်ထောင်ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပစိဖိတ်ဒေသ တွင်းမှာ အဓိက အခြေခံအဆောက်အအုံ ငှားရမ်းနေရာချသူဖြစ်ပြီး အခုအခါမှာ စစ်ဘက်နဲ့ ရဲလုပ်ငန်းပိုင်းမှာလည်း ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ကြိုးပမ်းနေတာပါ။
ပစိဖိတ်ကျွန်းတွေမှာ တရုတ်ရဲ့ ရဲလုပ်ငန်းပိုင်း ဆိုင်ရာ အခန်းကဏ္ဍ မရှိသင့်ဘူးလို့ ဩစတြေးလျက အရင်က ပြောကြားထားဖူးပါတယ်။