သြစတြေးလျဓာတ်ခွဲခန်းအတွင်းမှာ လူသေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေပါဝင်တဲ့ ဓာတ်ခွဲခန်းသုံး ပြွန် ၃၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ထိုင်းအာရုံကြောပါရဂူ ဒေါက်တာ သီရာဗတ် ဟီ မာချက်တာက သတိပေးပြောကြား လိုက်ပါတယ်။

Hendra virus ၊ Lyssa virus နဲ့ Hanta virus အပါအဝင် ပျောက်ဆုံးနေတဲ့ ဗိုင်းရပ်စ်တွေကို BSL-4 ရောဂါပိုးတွေအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ဇီဝလုံခြုံမှု ကန့်သတ်ချက် အမြင့်ဆုံးအဆင့်ကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားထားပါတယ်။အခုလို လူတွေကို သေစေနိုင်တဲ့ ဗိုင်းရပ်စ်တွေပါဝင်တဲ့ ဓာတ်ခွဲခန်းသုံးပြွန်အခု ၃၀၀ ကျော် ပျောက်ဆုံးနေမှု အပေါ် စိုးရိမ်ကြောင်း သတိပေးပြောကြားခဲ့ပြီး လူမှုမီဒီယာကွန်ရက်မှာ ကူးစက်မြန်ဗိုင်းရပ်စ်တွေ ပျောက်ဆုံးမှုနဲ့ ဆက်နွှယ်တဲ့ အန္တရာယ်ကိုလည်း အလေးပေး ဖော်ပြထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ဖို့တောင်းဆိုထားပြီး ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေ ကိုကြိုတင်ကာကွယ်တားဆီးဖို့အတွက်လည်း တိုက်တွန်းပြောကြားထားပါတယ်။