ဂရိနိုင်ငံ အေသင်မြို့လယ်က ခရိုင်သုံးခုကို ကာလတို အိမ်ငှားရမ်းခြင်းဆိုင်ရာ လိုင်စင်အသစ်တွေ ပိတ်ပင်လိုက်ပြီး အနည်းဆုံး တစ်နှစ်အထိ သက်ရောက်မှုရှိမယ်လို့ သိရပါတယ်။
အမြတ်အစွန်းပိုမိုကြီးမားတဲ့ အိမ်အငှားလုပ်ငန်းကို ထိန်းညှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကာလတို ငှားရမ်းမှုတွေအပေါ် အခွန်ပိုမိုကောက်ခံမယ်လို့ ဂရိအစိုးရက စက်တင် ဘာ ၁၆ ရက်က ပြောပါတယ်။
ခရီးသွားလုပ်ငန်းဟာ ဂရိစီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်ပေမယ့် အိမ်ရာ ရှားပါးမှုနဲ့ နေထိုင်မှုစရိတ်စကတွေ မြင့်မားလာမှုကြောင့် အေသင်မြို့လယ်မှာ ကာလတိုငှားရမ်းခွင့် လိုင်စင်အသစ် တွေ ပိတ်ပင်ပြီး အိမ်ပိုင်ရှင်တွေကို နှစ်ရှည်ငှားရမ်းဖို့ မက်လုံးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အိမ်ပိုင်ရှင်များစွာတို့ဟာ သူတို့အိမ်ခြံမြေတွေကို ရေတိုသာ ငှားရမ်းတဲ့အတွက် အေသင်မြို့သားအများအပြားဟာ တတ်နိုင်လောက်တဲ့ အိမ် တစ်လုံးကို ငှားဖို့ အခက်တွေ့နေကြပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူဖြစ်အောင် ရေတိုငှားရမ်းခတွေအတွက် နေ့စဉ်အခွန်ကို ဧပြီလကနေ အောက်တိုဘာလအထိ ၁ ယူရိုခွဲကနေ ၈ ယူရို၊ ဆောင်းရာသီအတွက် ယူရိုတစ်ဝက်ကနေ ၂ ယူရိုအထိ တိုးမြှင့် မယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
ခရီးသွားလုပ်ငန်းကဝင်ငွေဟာ အခုနှစ်မှာ ယူရို ၂၂ ဘီလီယံအထိ ရရှိဖို့နဲ့ နောက်ထပ် စံချိန်တင် အမြင့်ဆုံးရောက်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။