ဥရောပသမဂ္ဂနဲ့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ဟာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ လုံခြုံရေးသဘောတူညီချက်တွေကို ဇွန်လ ၂၇ ရက်က ဘရပ်ဆဲလ်မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။

အီးယူထိပ်သီးအစည်းအဝေးမှာ အဲဒီသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာပါ။ အီးယူနဲ့ ယူကရိန်းသဘောတူညီချက်မှာ လက်နက်ပို့ဆောင်မှု၊ စစ်ရေးလေ့ကျင့်မှု၊ ကာကွယ်ရေးလုပ်ငန်း ပူးပေါင်းဆောင် ရွက်မှုနဲ့ မိုင်းတူးဖော်ခြင်းအပါအဝင် လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒ နယ်ပယ်ကိုးခုမှာ ယူကရိန်းကို ကူညီဖို့ အီးယူက ကတိကဝတ်ပေးထားတယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။

သဘောတူညီချက်တွေက ယူကရိန်းနဲ့ မဟာမိတ်တွေအကြား ယူကရိန်းရဲ့ ကာကွယ်ရေးကို ဆက်လက်ကူညီဖို့ ရည်ရွယ်ထားကြောင်းလည်း ဖော်ပြခဲ့ပါ တယ်။ အဲဒီလိုသဘောတူညီချက်ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံတွေနဲ့ ကိယက်ဗ်တို့ သဘောတူညီထားပါတယ်။

ဒီသဘောတူညီချက်တွေက နေတိုးနိုင်ငံတွေအကြား အပြန်အလှန် ကာကွယ်ရေး စာချုပ်နဲ့တော့ မတူညီပါဘူး။ ဒါပေမဲ့ ယူကရိန်းရဲ့ ကိုယ်ပိုင်လုံခြုံရေးကို အားကောင်းလာစေဖို့ နောက်ထပ် ဟန့်တားနိုင်စွမ်းရှိအောင် လက်နက်တွေနဲ့ တခြား အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။