နည်းပညာကုမ္ပဏီကြီး Google ကို ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံအထိ ဥရောပသမဂ္ဂ တရားရုံးက ချမှတ်ခဲ့လိုက်ပါတယ်။

Google အနေနဲ့ ဥရောပသမဂ္ဂကချမှတ်ထားတဲ့ နည်းပညာဆိုင်ရာ စည်းမျဉ်း မူကြမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားကြော်ငြာကဏ္ဍပိုင်းဆိုင်ရာ စည်းမျဉ်းချိုးဖောက်ခဲ့တာတွေကြောင့် အခုလို ဒဏ်ကြေးငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

Google အနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ပထမဆုံးအယူခံဝင်မှုကို ၂၀၂၁ ခုနှစ်က ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့
ပါဘူး။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းကလည်း Google ဟာ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်း တွေ ချိုးဖောက်မှုကြောင့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၅ ဘီလီယံအထိ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။