အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ ကြွေးကြော်ထားတဲ့ အီရန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ အစ္စရေး ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီ က တနင်္လာနေ့က ပြောပါတယ်။
တစ်ချိန်တည်း မှာပဲ အစ္စရေးပြည်တွင်းမှာ အများပြည်သူတွေကို ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်ဖို့အတွက် လမ်းညွှန်ထားချက် တွေကိုလည်း ပြောင်းလဲထားတာ မရှိသေးဘူးလို့ သူကပြောပါတယ်။

အီရန်မှာ ဘာတွေလုပ်နေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မိမိတို့မှာ ရှိသမျှ စွမ်းဆောင်နိုင်စွမ်းတွေ အားလုံးနဲ့ မလွတ်တမ်းစောင့်ကြည့်နေပြီး ဒီလို စောင့်ကြည့်နေတာဟာ မိမိတို့တစ်နိုင်ငံတည်း မဟုတ်ဘူးလို့ ဟာဂါရီက ပြောပါတယ်။
ဒါ့အပြင် အစ္စရေးပြည်သူ တွေအတွက် လမ်းညွှန်ချက်အသစ် မထုတ်ပြန်သေးဘဲ လိုအပ်လာရင် တတ်နိုင်သမျှ အမြန်ဆုံး ကြိုတင်ကာကွယ် ရေးအတွက် အပြောင်းအလဲတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။