အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ အလုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံအားပေးမှုနဲ့ အပြီးသတ် လုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက တနင်္ဂနွေနေ့က ကတိပြုပြောကြားလိုက်ပါတယ်။

အစ္စရေးနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ နေတန်ညာဟုက အခုလို ပြောဆိုလိုက်တာပါ။
လွန်ခဲ့တဲ့ (၁၆)လတာအတွင်း အစ္စရေးဟာ အီရန်ရဲ့ လက်ဝေခံ အင်အားစုတွေကို ကြီးမားပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီး အခု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ ကျန်ရှိနေသေးတဲ့ အပိုင်းကို လက်စသတ်နိုင်တော့မယ်လို့ နေတန်ညာဟုက ပြောပါတယ်။