ရုရှား-အီရန် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဧပြီ ၂၁ ရက်မှာ အပြီးသတ် လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှားအစိုးရ သတင်းတွေမှာ ဖော်ပြထား တာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အီရန်-ရုရှား နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံ ရေး သဘာတူညီချက်ဟာ မြောက်ကိုရီးယားနဲ့ ချုပ်ဆိုထားတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနဲ့ မတူညီဘဲ အနည်းငယ် ကွဲပြားတယ်လို့ ဆိုပါတယ်။

အီရန်-ရုရှား သဘောတူစာချုပ်ထဲမှာ “နိုင်ငံတစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခံရမယ်ဆိုရင် ကျန်တဲ့နိုင်ငံကို စစ်ရေး အရ ပါဝင်ကူညီပေးဖို့ တောင်းခံနိုင်တယ်”ဆိုတဲ့အချက် မပါဝင်ဘူးလို့ ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။အဲဒါကြောင့် အီရန် တိုက်ခိုက်ခံခဲ့ရမယ်ဆိုရင် ရုရှားအနေနဲ့ ပါဝင်ကူညီပေးဖို့ တာဝန်မရှိဘူးလို့ ရုရှား အစိုးရက ပြောပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်အနေနဲ့ အီရန်နဲ့သံတမန်ရေးရာ ဆွေးနွေးမှုကို ဦးစားပေးလုပ်ဆောင်လိုပြီး ရေတို အတွက် နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှုကို ထောက်ခံဖို့ ဆန္ဒမရှိကြောင်း အခုလအစောပိုင်းက အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့အကြား အီတလီနိုင်ငံ ရောမမြို့မှာ ဒုတိယအကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။