အီရန်နဲ့နျူကလီးယားသဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ပတ်သတ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီရိုတို့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

အိုမန်နိုင်ငံမြို့တော်မှာ အီရန်နျူကလီးယားအစီအစဥ်နဲ့ပတ်သက်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီရိုတို့ အခုလို သီခြား ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်သတင်းထောက်ရဲ့ ပြောကြားချက်အရ ထရမ့်က အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်ကို အဆုံးသတ်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
သံတမန်ရေးရာအရ နျူကလီးယားသဘောတူညီချက်တစ်ခုဆီကို တိုက်ရိုက်ဦးတည်သွားနိုင်ဖို့အတွက် အမေရိကန်ဘက်က အပေးအယူတချို့ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ကျွမ်းကျင်သူတွေက သုံးသပ်ခန့်မှန်းထားကြပါတယ်။

တစ်ဖက်မှာလည်း ခေါင်းဆောင်နှစ်ဦးက လိုချင်တဲ့ရလဒ်တွေရရှိဖို့ ဒီစေ့စပ်ညှိနှိုင်းမှုတွေကို ကျောထောက်နောက်ခံပြုနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်လို့ အိုမန်နိုင်ငံပိုင် သတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။