အီရန်နိုင်ငံဟာ နျူကလီးယား အစီအစဉ်ကိုထိန်းချုပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ဖီဆန်ပြီး သူရဲ့ သန့်စင် ပြီး ယူရေနီယံထုတ်လုပ်မှုကို လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိ ထုတ်လုပ်သိုလှောင်နေတယ်လို့ ကုလသ မဂ္ဂရဲ့ နျူလက်နက်စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ နျူလက်နက် စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)က အစီရင် ခံစာကို အင်္ဂါနေ့မှာ ထုတ်ပြန် ခဲ့တာပါ။ အောက်တိုဘာ (၂၆)ရက်နေ့ကစပြီး အီရန်မှာ သန့်စင်ပြီး ယူရေနီယံဟာ ၁၈၂ ကီလိုဂရမ်အထိ ရှိနေပြီ ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပါရှိတဲ့ ပမာဏထက် (၁၇)ကီလိုဂရမ် ပိုတိုးလာတာပါ။
သန့်စင်ပြီး ယူရေနီယံ ၆၀ ရာခိုင်နှုန်း ထုတ်လုပ်ထားနိုင်တယ်ဆိုတာဟာ လက်နက်အဆင့်အတန်းထိ ရောက်ရှိဖို့ သိပ်မလိုတဲ့ အဆင့်မှာ ရောက်နေပြီး ၉၀ ရာခိုင်နှုန်းထိရောက်ရင် လက်နက်ထုတ်နိုင်တဲ့ အဆင့်အတန်းကိုရောက် ရှိတော့မှာ ဖြစ်ပါတယ်။ မကြာသေးခင် လတွေက အီရန်နဲ့ အစ္စရေးတို့အကြား အပြန်အလှန် ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေဖြစ်ခဲ့လို့ အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိနေချိန်မှာ အခုလို အစီရင်ခံစာ ထွက်ပေါ်လာ တာဖြစ်ပါတယ်။