အီဂျစ်နဲ့ ကူဝိတ်နှစ်နိုင်ငံပူးပေါင်းပြိး ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်မှုဖလှယ်နိုင်ရေးအတွက်စစ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးခဲ့တယ်လို့AP သတင်းတစ်ရပ်အရသိရပါတယ်။

အီဂျစ်ကာကွယ်ရေးဝန်ကြီးနဲ့ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး တို့ ကိုင်ရိုမြို့ရှိ ကာကွယ်ရေး ဝန်ကြီးဌာနဌာနချုပ်မှာ တွေ့ဆုံစဉ်အတွင်းအခုလိုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ အီဂျစ်စစ်တပ်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်းနှစ်နိုင်ငံနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေ၊ လက်ရှိ စိန်ခေါ်မှုတွေအကြား ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးမြင့်တင်ဖို့အတွက် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုအလားအလာတွေကို ပံ့ပိုးကူညီဖို့အတွက်လည်း အီဂျစ်ဝန်ကြီးကကတိကဝတ်ပြုခဲ့ပါတယ်။အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားကို အီဂျစ်စစ်တပ်က စစ်ဦးစီးချုပ်အပြင်နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာခေါင်းဆောင်အများအပြားလည်းတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။