ရုရှားလုံခြုံရေးတပ်ဖွဲ့တွေဟာ အကျဉ်းထောင်ဝန်ထမ်းတွေကို ဓားစာခံလုပ် ပြန်ပေးဆွဲခဲ့တဲ့ အကျဉ်းသား လေး ယောက်ကို သောကြာနေ့က အသေ ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်။

အဲဒီအကျဉ်းသားတွေဟာ အကျဉ်းထောင် ဝန်ထမ်း (၄)ယောက်ကို ဓားနဲ့ ထိုးခဲ့ပြီး အဲဒီဖြစ်စဉ်ပြ ဗီဒီယိုကို အွန်လိုင်းပေါ်မှာ တင်ခဲ့ကာ သူတို့ကိုယ်ကိုလည်း အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က စစ်သွေးကြွတွေလို့ ပြောဆိုထားတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုလ်ဂိုဂရက်ဒေသက ရုရှား အမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ စနိုက်ပါ တပ်ဖွဲ့ဝင်တွေက အဲဒီစစ်သွေးကြွ လေးယောက် ကို စနိုက်ပါနဲ့ လေးချက်တိတိ ပစ်ခတ် ရှင်းလင်းခဲ့ကြောင်းနဲ့ ဓားစာခံတွေကို ကယ်တင်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ပိုင်(RIA) သတင်းဌာနက ပြောပါတယ်။

ရုရှား အကျဉ်းဦးစီးဌာနကလည်း အဲဒီစစ်သွေးကြွလေးယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ထောင်ဝန်ထမ်းလေးယောက်ဟာ ဓားထိုးခံရလို့ သေဆုံးခဲ့ရကြောင်းနဲ့ ဒဏ်ရာရ သူတွေကိုလည်း ဆေးရုံမှာ ပို့ဆောင်ကုသ ပေးထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။