ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ မိုးဥတု စတင်နေပြီး သောကြာနေ့က မုန်တိုင်းမိုး သည်းကြီးမည်းကြီး ရွာသွန်းခဲ့ ပါတယ်။ မိုးသည်းထန်တဲ့အတွက် အိုကီနာဝါကျွန်းမှာ ရေကြီးရေလျှံမှု ၊ မြေပြိုမှု

ဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရတယ်လို့ ဒေသတွင်း ဂျပန် မီဒီယာတွေက ပြောပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာ မြို့တွင်း ၊ ရပ်ကွက်တွင်းလမ်းတွေမှာ ရေလျှံတက်လာတာကို အခုလို တွေ့ရပါတယ်။