အိန္ဒိယနိုင်ငံ ဟီမာချဲလ် ပရာဒေ့ရှ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှု ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ(၆)ယောက် သေဆုံးပြီး (၄၇)ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။
ဥတ္တရခန်းပြည်နယ်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ရာသီဥတု ဆိုးရွားမှုကြောင့် နှောင့်နှေးမှုကြန့်ကြာမှုတွေရှိနေပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကီတာမတ် လမ်းတစ်လျှောက်မှာ သောင်တင်ပိတ်မိနေတဲ့ ဘုရားဖူးခရီးသည်တွေကို တက်တက်ကြွကြွ လိုက်လံကယ်ထုတ်ပေးနေပါတယ်။
ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အခုလို ရုတ်တရက် မိုးကြီးသည်းထန်စွာ ရွာချတဲ့ ဖြစ်စဉ်မျိုးနဲ့ သူ့ရဲ့ အဖျက်စွမ်းအားဟာ ရာသီဥတုပြောင်းလဲမှုဂယက်ကြောင့် ပိုမိုဆိုးရွားပြင်းထန်ခဲ့တာလို့ မှတ်ချက်ပြုကြပါတယ်။