န္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က ဗာဒိုဒါရာမြို့ခံတွေနဲ့ အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရေကြီးရေလျှံ ဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်မှာ တဖြည်းဖြည်း ရေပြန်လည်ကျဆင်းလာပေမယ့် ရေကြောင့် ဖြစ်တဲ့ရောဂါတွေ ပြန့်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ရေကျသွားပြီးနောက် အမှိုက်တွေ၊ ရွှံ့နွံတွေနဲ့ နုန်းတွေ အစုအပုံလိုက် ကျန်ရစ်ခဲ့ပြီး တာဝန်ရှိသူတွေက ဗက်တီးရီးယား ကူးစက်မှုကြောင့်ဖြစ်တဲ့ရောဂါ၊ အသည်းရောင် A နဲ့ တိုက်ဖွိုက်လို ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေရှိကြောင်း ဒေသခံတွေကို ကျန်းမာရေးဌာနက သတိပေးထား ပါတယ်။

ရေကြီးပြီးနောက် အကြီးမားဆုံးပြဿနာက ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးကတစ်ဆင့် ကူးစက်တတ်တဲ့ သွေးကူးစက်ရောဂါတစ်မျိုး ဖြစ်တယ်လို့ ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေ တစ်အိမ်တက်ဆင်း စစ်ဆေးကြမယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်က အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အိန္ဒိယအနောက် ပိုင်း ဂူဂျာရတ်ပြည်နယ်က မြို့တွေကို ရေလွှမ်းမိုးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရကာ အနည်းဆုံး ၂၈ ယောက် သေဆုံးခဲ့ပါတယ်။