အိန္ဒိယနိုင်ငံ အနောက်ပိုင်းဂူဂျာရတ်ပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ သာမန်ထက် မိုးသည်းထန်လို့ ရေကြီးရေလျှံတွေဖြစ်ပြီးထောင်ချီတဲ့ ဒေသခံတွေက ကယ်ဆယ်ရေးလုပ်သား
တွေက ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပါ့နာမြစ်ရေလျှံမှုကြောင့် နက်ဗ်ဆာရီရဲ့ အနိမ့်ပိုင်းဒေသက ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဇာတိပြည်နယ်က ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး မီးရထားလမ်းနဲ့ အဝေးပြေးလမ်းတွေ ရေ နစ်မြုပ်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မေလကုန်မှာ စတင်တဲ့ မုန်သုံရာသီမိုးကြောင့် ပူပြင်းတဲ့ နွေရာသီအကုန်ကို သက်သာရာရစေပေမယ့်ပြည်နယ်သုံးခုအဓိကနဲ့ နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မကြာသေးခင်နှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။

ဇွန်လနောက်ပိုင်း ရေကြီးမှုကြောင့် ဟီမာချာပရာဒက်ရှ်ပြည်နယ်မှာ ၄၉ ဦး၊ ဂူဂျာရက်ပြည်နယ်မှာ ၆၁ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်အထိ ရေဘေးသင့်ပြည်သူ လေးသိန်းခြောက်သောင်းကျော် ရှိလာပြီး နေအိမ် ၃၆၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။