အမေရိကန်ပြည်ထောင်စုမှာ လုပ်ခလစာနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ ဒါမှမဟုတ် အခုလအတွင်း အတိုးနှုန်း လျှော့ချခြင်းဆိုင်ရာကိစ္စတွေကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အာရှစတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွား ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား KOSPI စတော့ရှယ်ယာ အညွှန်းကိန်းက ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဝမ်ငွေကြေးတန်ဖိုးကလည်း တစ်ဒေါ်လာကို ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း သွားတာဖြစ်ပါတယ်။ ဒါဟာ သမ္မတ Yoon Suk Yeol ရဲ့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ အနိမ့်ဆုံးကို ကျဆင်းသွားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဂျပန်စတော့ရှယ်ယာအညွန်းကိန်းတွေက ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါ တယ်။ Futures ရဲ့ထုတ်ပြန်ချက်အရ လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Federal Reserve က အတိုးနှုန်းကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ ရည်မှန်းထားတာပြီး အခုလို လျှော့ချမှုတွေကြောင့် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းပြောကြားထားပါတယ်။