အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ဟာ နှစ်နိုင်ငံကြား နှစ်ပေါင်း(၄၀)နီးပါးကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ် မယ့် ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်တွေကို သဘောတူခဲ့ကြတယ်လို့ နှစ်နိုင်ငံ တာဝန်ရှိ သူတွေက ထုတ်ဖော်ပြောဆိုထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ (၁၉၈၀)ပြည့်နှစ်တွေအတွင်း က အာမေးနီးယားလူမျိုးစု အများဆုံးနေထိုင်တဲ့ အဇာဘိုင်ဂျန်နိုင်ငံရှိ Nagorno-Karabakh ဒေသဟာ အာမေးနီး ယားနိုင်ငံ ထောက်ခံမှုနဲ့အတူ အဇာဘိုင်ဂျန်ကနေ ခွဲထွက်သွားခဲ့ပြီး နောက်ပိုင်းကတည်းက အဲဒီဒေသမှာ တိုက်ပွဲ တွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဇာဘိုင်ဂျန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြီးသတ်ခဲ့ တယ်လို့ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ “ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အာမေးနီးယားနိုင်ငံဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေး ထိုးမယ့် နေရာနဲ့ အချိန်တို့ကို အဇာဘိုင်ဂျန်အစိုးရနဲ့ စတင်ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောဆိုခဲ့ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ကြား ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံကြားဆက်ဆံရေး ထူထောင်ရေး သဘောတူညီချက်မူကြမ်းမှာပါရှိတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ကျွန်တော်တို့ ဘက်က ကျေနပ်စွာ သတိပြုမိပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။