အာမေးနီးယားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ စတင်ခဲ့ ကြောင်း အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားတာကို Tass သတင်းမှာ ရေးသားထားပါတယ်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တစ်ခု ပံ့ပိုးပေးမှာ ဖြစ်ပြီး ဘေးကင်းလုံခြုံရေး အမြင့်ဆုံး စံနှုန်း တွေအောက်မှာ ငြိမ်းချမ်းစွာ နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် တာရှည်ခံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်းလည်း အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။