အာဖရိကအတွက် ငွေကြေးပံ့ပိုးမှုအဖြစ် ဒေါ်လာ ၅၁ ဘီလီယံ ပေးအပ်သွားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြာသပတေးနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ သဘာ၀ရင်းမြစ်ကြွယ်၀တဲ့ အာဖရိကမှာ စက်မှု၊ လက်ယာစိုက်ပျိုးရေး၊ အခြေခံ အဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမယ်လို့ ပေကျင်းမှာ ကျင်းပနေတဲ့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အဖွင့် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။
တရုတ်အနေနဲ့ အာဖရိကတိုက်အတွက် စျေးကွက်တိုးချဲ့မှုကို ဦးဆောင် ပြုလုပ် သွားဖို့လည်းဆန္ဒရှိကြောင်း ပြောသွားပါတယ်။ ပေကျင်းမှာ ကျင်းပတဲ့ အဲဒီဖိုရမ်မှာ တရုတ်နဲ့ အာဖရိက တိုက်အကြား ဆောင်ရွက်သွားမယ့် သုံးနှစ်တာ လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ချမှတ်ထားပါတယ်။

အာဖရိကတိုက် ကို ပေးအပ်သွားမဲ့ ငွေကြေးအကူအညီ ဒေါ်လာ ၅၁ ဘီလီယံထဲက ဒေါ်လာ ၃၀ ဘီလီယံကို အကြွေးစနစ်နဲ့ ပေးအပ်သွားမှာဖြစ်ပြီး ၁၀ ဘီလီယံကတော့ တရုတ်ကုမ္ပဏီတွေကနေတစ်ဆင့် ရင်းနှီးမြှုပ်မှုအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ကျန်တဲ့ ငွေကြေးကိုတော့ စစ်ရေးနဲ့ တခြား စီမံကိန်းတွေမှာ သုံးစွဲသွားမှာဖြစ်တယ်လို့ တရုတ်သမ္မတက ပြောသွားခဲ့ပါတယ်။