အာဖဂန်နစ္စတန်မှာ အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်ဟန့်တားတဲ့ လတ်တလောလုပ်ရပ်အဖြစ် အမျိုးသမီး တွေကို သားဖွားဆရာမနဲ့ သူနာပြုအဖြစ် လုပ်ကိုင်ခွင့် တားမြစ်ကန့်သတ်လိုက်ပါတယ်။ သားဖွားဆရာမနဲ့ သူနာ ပြုဖြစ်ဖို့ သင်တန်းတက်ရောက်နေတဲ့ အမျိုးသမီးတွေကို အင်္ဂါနေ့ မနက်ပိုင်းမှာ အတန်းချိန် မတက်တော့ဖို့ အာ ဏာပိုင်တွေက ညွှန်ကြားလာတယ်လို့ ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

အာဖဂန်နိုင်ငံတွင်းက သူနာပြု လေ့ကျင်ရေး သင်တန်းကျောင်း(၅)ခုကလည်း အဲဒီအချက်ကို ဘီဘီစီကိုအတည် ပြုပေးပါတယ်။ တာလီဘန်တွေရဲ့ အဲဒီညွှန်ကြားချက် ထွက်လာပြီးနောက် သူနာပြုသင်တန်းသားတွေ ငိုယိုနေခဲ့ ကြတာကို ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ တာလီဘန်ထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အဲဒီအမိန့်ညွှန်ကြားချက်အပေါ် တရားဝင် အတည်ပြုချက်မရသေးပါဘူး။
လက်ရှိ အာဖဂန်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရတဲ့နေရာဟာ ကောလိပ်ကျောင်းတွေဖြစ်ပြီး ကမ္ဘာ့ကျန်း မာရေးအဖွဲ့(WHO)ရဲ့ ထုတ်ပြန်ချက်အရ အာဖဂန်ဟာ ကမ္ဘာပေါ်မှာ မီးဖွားစဉ် မိခင်သေဆုံးနှုန်း အမြင့်ဆုံးနိုင်ငံ လည်းဖြစ်နေပါတယ်။ အာဖဂန်မှာ မနှစ်က ကလေးမွေးဖွားမှု(၁၀၀,၀၀၀)မှာ မိခင်သေဆုံးနှုန်း (၆၂၀) ရှိခဲ့ပါတယ်။