အာဂျင်တီးနားနိုင်ငံ ဆန်အစ်ဆီဒရိုမြို့က ဘဏ်အဆောက်အဦ တစ်ခုအနီးမှာ အရှည်ပေ ၃၂၀ ရှိတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းတစ်ခုကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ရှာဖွေတွေ့ရှိထားပါတယ်။
မြို့လယ်ကောင်မှာရှိတဲ့ အဲဒီဘဏ်ရဲ့ ရှေ့က လမ်းပေါ်မှာ သတ္တုချောင်းတစ်ခုကို ထူးထူးဆန်းဆန်းတွေ့ရှိရတယ်လို့ ဘဏ်အနီး နေထိုင်သူ တစ်ယောက်က အာဏာပိုင်တွေကို သတင်းပေးခဲ့ပါတယ်။
အဲဒီနောက် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အဲဒီလိုဏ်ခေါင်းဟာ အလုပ်ရုံတစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ဂူမှန်း တွေ့ရှိခဲ့ကြတာပါ။
ဘဏ်အနီးက ဆိုင်တစ်ဆိုင်မှာ စာရေးအဖြစ် လုပ်ကိုင်နေသူ လူးကတ်စ် မာတင်ဆိုသူကလည်း ဆောက်လုပ်ရေးဝတ်စုံတွေ ဝတ်ထားတဲ့လူတွေနဲ့ အမှိုက်သယ်ကားတွေဟာ အဲဒီအလုပ်ရုံထဲကနေ ထွက်လာခဲ့တာကို ပြီးခဲ့တဲ့အပတ်ကတွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဆန်အစ်ဆီဒရိုမြို့တော်ဝန်က အဲဒီရှာဖွေတွေ့ရှိမှုက အခုရာစုနှစ်ရဲ့ ဒုတိယမြောက် ခိုးမှုကို တားဆီးနိုင်ခဲ့တယ်လို့ သူရဲ့ X လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။