ကမ္ဘာမြေရဲ့ အထက် မိုင်ပေါင်း (၂၅၀)မှာ ဖြစ်ပေါ်ခဲ့တဲ့ အစိမ်းရောင် အာကာသအလင်းတန်းပုံရိပ်တွေကို နိုင်ငံတကာ အာကာသစခန်း (ISS)က ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နာဆာအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ အဲဒီအာကာသအလင်းတန်းတွေ ဖြာထွက်တဲ့ ဖြစ်စဉ်ကို နေစွမ်းအင်နဲ့ ကမ္ဘာကြီးရဲ့ တောင်ဘက်နဲ့ မြောက်ဘက် ဝင်ရိုးစွန်းတွေကနေ ထွက်ပေါ်လာတဲ့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်လို ဓာတ်ငွေ့တွေ ထိတွေ့ချိန် မှာ ထင်ထင်ရှားရှားမြင်တွေ့နိုင်တယ်လို့ ပြောပါတယ်။