ပထမဆုံး စီးပွားဖြစ် အာကာသအတွင်းမှာ လမ်းလျှောက်မယ့် အစီအစဉ်ကို SpaceX က လုပ်ဆောင်နေပါတယ်။ ဒီလို အာကာထဲမှာ လမ်းလျှောက်မယ့် အစီအစဉ်မှာ အာကာသယာဉ်မှူး ၄ ယောက်ပါဝင်ပြီး ဒီခရီးစဉ်က ၅ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

အာကာသတွင်း လမ်းလျှောက်ဖို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ အာကာသဝတ်စုံ ကို ဝတ်ဆင်ပြီး အာကာသထဲမှာ လမ်းလျှောက်မှာဖြစ်တယ်လို့ SpaceX ရဲ့ CEO Elon Musk က ပြောပါတယ်။

အာကာသထဲမှာ လမ်းလျှောက်မယ့် အာကာသယာဉ်မှူးတွေကတော့ သင်္ဘောသားတစ်ယောက်၊ ဘီလီယံနာ တစ်ယောက်နဲ့ အငြိမ်းစား စစ်ဘက်ဆိုင်ရာ တိုက်လေယာဉ်မှူး နှစ်ယောက်တို့ဖြစ်ပါတယ်။

ဒီအာကာသယာဥ်ကို ဖလော်ရီဒါရှိ NASA Kennedy Space Center ကနေ စက်တင်ဘာလ ၁၀ ရက် မနက်အစောပိုင်းက လွှတ်တင်ခဲ့ တာဖြစ်ပြီး လွှတ်တင်သမျှအာကာသယာဉ်တွေထဲမှာ အန္တရာယ်အရှိဆုံး မစ်ရှင်တစ်ခု ဖြစ်တယ်လို့ ElonMusk က ပြောပါတယ်။

ဒီလိုအာကာသထဲမှာ လမ်းလျှောက်နိုင်ဖို့အတွက် အချိန်ကြာမြင့်စွာ လေ့ကျင့်သင်ကြားထားတာ ဖြစ်ပြီး အမေရိကန်အစိုးရဆီကနေ ရန်ပုံငွေတွေ ရရှိထားတာကြောင့် အခုအစီအစဉ်ကို လျင်မြန်စွာ အကောင် အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။