အမေရိကန်ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အရီဇိုးနားပြည်နယ်မှာ စစ်တမ်းအရ သြဂုတ် ၅ ရက်က ဒုတိယသမ္မတ ကင်မလာဟဲရစ်ရဲ့ မဲဆွယ်ပွဲဟာ ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်တွေကို ဒေါ်နယ်ထရမ်နဲ့ ဝေးရာ ရောက်အောင် စည်းရုံးနိုင်ခဲ့ပါတယ်။
ပြည်နယ်ရဲ့ခန်းမကြီးတစ်ခုမှာ ဟဲရစ်အတွက် ရီပတ်ဘလီကန်များဆိုတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို တစ်သီးပုဂ္ဂလနဲ့ အရင် ထရမ့်မဲဆန္ဒရှင်တွေက ကျင်းပခဲ့ပါတယ်။
ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရာထူးအတွက် အရည်အချင်း မပြည့်မီတဲ့အတွက် ဟဲရစ်ကို မဲပေးဖို့လိုတယ်ဆိုတာ အရီဇိုးနား ရီပတ်ဘလီကန်တွေက ရှင်းရှင်းလင်းလင်း ဝန်ခံရမယ့်အချိန် ရောက်လာပြီလို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ဟဲရစ်အတွက် အကြံပေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မယ် မြို့တော်ဝန် ဂျွန်ဂီလိစ်က ပြောပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရော်ဘင်ရှောက အကြံပေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာပါ။
၂၀၁၆ မှာ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ယုံကြည်တဲ့ ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ပေမယ့် နိုင်ငံရဲ့ မြို့တော်ကို တုန်လှုပ်သွားစေခဲ့တဲ့ အုံကြွမှုကို သူဖန်တီးခဲ့တဲ့အတွက် သူ့ကိုမဲပေးခဲ့မိတာ စိတ်မကောင်းဘူးလို့ ရော်ဘင်ရှောက ပြောပါတယ်။
ကင်မာလာဟဲရစ်ဟာ သူမရဲ့ ဒုသမ္မတလောင်းကို ကြေညာဖို့နဲ့ ပြည်နယ်ကို မဲဆွယ်ဖို့ မလာခင်ရက်ပိုင်းအလိုမှာ အရီဇိုးနားပြည်နယ်မှာ ဟဲရစ်အတွက် ရီပတ်ဘလီကန် များဆိုတဲ့ ကော်မတီ ဖြစ်ပေါ်လာတာပါ။