အယ်လ်ဘေးနီးယားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျောင်းသူတစ်ဦး သေဆုံးခဲ့ တာကြောင့် Tik Tok အသုံးပြုခွင့် တစ်နှစ်ပိတ်ပင်ဖို့စီစဉ်နေတယ်လို့ အ ယ်လ်ဘေးနီးယားဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

ကျောင်းသူလေး သေဆုံး မှုနဲ့ပတ်သတ်ပြီး လူငယ်တွေ အနေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဆိုရှယ်မီဒီယာအသုံးပြုမှုနဲ့ပတ်သတ်ပြီး များစွာ ငြင်းခုံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ဒါ့ကြောင့် အသုံးပြုခွင့်ပိတ်ပင်မယ့် အဆိုပြုချက်ကို လာမယ့် ကိုဇန်နဝါရီလမှာ စတင်တော့မှာဖြစ်တယ်လို့ အ ယ်လ်ဘေးနီးယားဝန်ကြီးချုပ်က ကြေငြာပါတယ်။

တစ်နှစ်ကြာ ပိတ်တော့မှာ ဖြစ်ပြီး ကျောင်းသားတွေရဲ့ ပညာရေးကို ဦးစားပေး ဆောင်ရွက်မှာဖြစ်သလို လူငယ်တွေ ပညာရေး ဘဝ ခရီးကို လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ့် အစီအစဉ်တွေကို စတင်လုပ်ဆောင်သွားမယ်လို့ အယ်လ်ဘေးနီးယားအစိုးရကပြောကြားထားပါတယ်။လက်ရှိမှာ TikTok က အဆိုပြုထားတဲ့ တားမြစ်ချက်နဲ့ မတ်သက်ပြီး အယ်လ်ဘေးနီးယားအစိုးရထံတင်ပြဖို့အတွက် အရေးတကြီး ရှင်းလင်းချက်တွေ ရှာဖွေနေတယ်လို့ သိရပါတယ်။