အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကွန်နေးကျွန်းမှာ ဇူလိုင် (၄) ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟော့ဒေါ့ စား ပြိုင်ပွဲကို ကျင်းပရာမှာ ယှဉ်ပြိုင်သူတွေဟာ ဟော့ဒေါ့အလုံး ဒါဇင်နဲ့ချီ အပြိုင် စားပြခဲ့ကြပါတယ်။

နှစ်တိုင်း အမေရိကန် လွတ်လပ်ရေးနေ့မှာ ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ အခုနှစ်ရဲ့ အမျိုးသမီး ချန်ပီယံကတော့ မီကီ ဆူဒို ဖြစ်ပြီး သူက ဟော့ဒေါ့ (၅၁)ခုကို ၁၀ မိနစ်အတွင်း စားပြပြီးတော့ ပြိုင်ပွဲစံချိန်ပါ ချိုးခဲ့တာဖြစ်ပါတယ်။

အမျိုးသားပြိုင်ပွဲဘက်မှာတော့ ချီကာဂိုမြို့က ပက်ထရစ် ဘာတိုလတ်တီ ဆိုသူက ဟော့ဒေါ့(၅၈)လုံး အမြန်စားပြပြီး မတ်စတာ့ဒ် ခါးပတ်ကို ဆွတ်ခူးခဲ့ပါတယ်။

အဲဒီ ဟော့ဒေါ့ စားပြိုင်ပွဲကို ၁၉၈၀ ပြည့်နှစ်ကစပြီး အမေရိကန် လွတ်လပ်ရေးနေ့တိုင်းမှာ ဒီနေ့အထိ ကျင်းပလာခဲ့တာဖြစ်ပါတယ်။ .