အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရုဘီရို ဟာ ဗဟိုအမေရိကနိုင်ငံတွေကိုသွားရောက်နေရာ စနေနေ့က ပနားမားနိုင်ငံ ကိုစတင်ရောက်ရှိသွားပါတယ်။ရုဘီရို ဟာ ၎င်းရဲ့ ပထမဆုံး တရားဝင် သံတမန်ခရီးစဉ်အဖြစ် ပနားမား၊ အယ်လ်ဆာဗေးဒေါ၊ ကော်စတာရီကာ၊ ဂွါတီမာလာနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတွေကို စနေနေ့ကနေ ကြသပတေးနေ့အထိ သွားရောက်မှာဖြစ်ပါတယ်။

ရုဘီရို ဟာ ခရီးစဉ်အတွင်း ပနားမားသမ္မတ Jose Raul Mulino၊ အယ်လ်ဆာဗေးဒေါသမ္မတ Nayib Bukele၊ ကော်စတာရီကာ သမ္မတ Rodrigo Chaves၊ ဂွာတီမာလာ သမ္မတ Bernardo Arévalo နဲ့ ဒိုမေနီကန်သမ္မတ Luis Abinader တို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ voa သတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ်။ဒီခရီးစဉ်ဟာ နှစ် ၁၀၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးတစ်ဦးရဲ့ လက်တင်အမေရိက ကို သွားရောက်တဲ့ ပထမဆုံး တရားဝင် ခရီးစဉ်လည်းဖြစ်ပါတယ်။ ခရီးစဉ်ဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ဖို့ တွန်းအားပေးနေပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေချိန်မှာ အခုခရီးစဉ် ထွက်ပေါ်လာတာပါ။အတ္တလန္တိတ်နဲ့ ပစိဖိတ်ကို ဆက်သွယ်ထားတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ပနားမားတူးမြောင်းကို တရုတ်က ထိန်းချုပ်ထားတယ်လို့ သမ္မတထရမ့်က အခိုင်အမာ ပြောကြားခဲ့ပေမယ့် ပနားမားကတော့ အဆိုပါ တူးမြောင်းကို ရေကြောင်းသွားလာမှုအားလုံးအတွက် သမာသမတ်ကျကျ စီမံခန့်ခွဲထားတယ်လို့ အခိုင်အမာငြင်းဆိုထားပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်တဲ့အပေါ် ပနားမားမှာ ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။