အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ၁၀ ရက်ကျော် ကြာမြင့်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဩဂုတ်လ နှောင်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံမဟာမိတ်အဖွဲ့ရဲ့ ပေါင်းစပ်ကာကွယ်ရေး အနေအထားကို အားကောင်းစေဖို့ ဒီလို အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်မှာလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၂ ရက်မှာ ပြောဆိုခဲ့တာပါ။
အူလ်ချီလွတ်မြောက်ရေးအကာအကွယ်လို့ အဓိပ္ပါယ်ရတဲ့ UFS စစ်ရေး လေ့ကျင့်မှုကို သြဂုတ် ၁၉ ရက်ကနေ ၂၉ ရက်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှု၊ ကမ္ဘာလုံးဆိုင်ရာ နေရာချစနစ် GPS ပြတ်တောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ မကြာ သေးခင်က လက်နက်ကိုင်ပဋိပက္ခတွေကနေ သိလာတဲ့ သင်ခန်းစာတွေလို လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေ ထင်ဟပ်သွားစေမယ့် လေ့ကျင့်မှုလို့ ဆိုပါတယ်။
ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့(UNC) အဖွဲ့ဝင်နိုင်ငံတွေက စစ်သည် တွေ ဒီလေ့ကျင့်ခန်းမှာ ပါဝင်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ကြားနေနိုင်ငံများ ကြီးကြပ်ရေးကော်မရှင်က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ ဖော်ပြထားတဲ့ တာဝန်တွေကို လိုက်နာပြီ ဒီလေ့ကျင့်ခန်းကို တတိယအဖွဲ့အစည်း အဖြစ် စောင့်ကြည့်လေ့လာမယ်လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ကာလရှည်ကြာ ရှုတ်ချခဲ့ပါ တယ်။