ဒေါ်နယ်ထရမ့်အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူ တစ်ဒါဇင်ကျော်ဟာ အလုပ်ကနေ ထုတ်ပယ်ခံရလိုက်ရပါတယ်။ ယာယီ ရှေ့နေချုပ် ဂျိမ်းစ် မက်ဟင်နရီ က အဲဒီတာဝန်ရှိသူတွေဟာ ထရမ့်ရဲ့ လုပ်ငန်းအစီအစဉ်တွေကို သစ္စာရှိရှိအကောင်အထည်ဖော်မဲ့သူတွေလို့ ယုံကြည်စိတ်ချလို့မရဘူးလို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီ တာဝန်ရှိသူတွေဟာ သမ္မတ ထရမ့်ကို တရားစွဲဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတွေဖြစ်ကြောင်း အစိုးရအဖွဲ့ ကောင်းကောင်းလည်ပတ်နိုင်ဖို့ဟာ ယုံကြည်စိတ်ချရသူ အကြီးတန်းအရာရှိတွေကို လက်ထောက်အဖြစ် ခန့်အပ်ထားရှိမှုအပေါ် မူတည်ကြောင်း ၊ အဲဒီလို သမ္မတ ကို တရားစွဲဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့အတွက် သမ္မတ ရဲ့ လုပ်ငန်းအစီအစဉ်တွေကို သစ္စာရှိစွာ အကောင်အထည်ဖော်ရေးရာမှာ ပါဝင်ဖို့ ဌာနခေါင်းဆောင်မှုပိုင်းကနေ သူတို့ကို ယုံကြည် စိတ်ချမှုမရှိတော့ကြောင်း ရှေ့နေချုပ် မက်ဟင်နရီက အသိပေးစာမှာ ဖော်ပြထားပါတယ်။

ထရမ့်အစိုးရအဖွဲ့ဟာ ဇန်နဝါရီ (၆) ရက် ကက်ပီတိုလ်ဖြစ်စဉ်ကို ကိုင်တွယ်ခဲ့တဲ့ အစိုးရရှေ့နေတွေကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့အတွက် ပြင်ဆင်လုပ်ဆောင်လာနေချိန်မှာ အခုလို အလုပ် ထုတ်ပယ်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။